
Made in Abyss S01
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ကမ္ဘာကြီးရဲ့အနက်နဲဆုံးနေရာထိထိုးဝင်နေပြီးတော့ လျှို့ဝှက်ဆန်းကြယ်လှတဲ့ သတ္တဝါတွေ၊ တန်ဖိုးရှိတဲ့ ရတနာတွေ အပြည့်ဖြစ်နေတဲ့ Abyss ဆိုတဲ့တွင်းကြီးတစ်ခုရှိခဲ့ပါတယ်။ ဒီတွင်းကြီးဘယ်လိုဖြစ်တည်လာခဲ့သလဲ၊ ဟိုးအောက်ခြေမှာဘာတွေရှိနေမလဲဆိုတာ သိချင်တဲ့စိတ်တွေနဲ့ မရေမတွက်နိုင်တဲ့ စွန့်စားရှာဖွေတဲ့သူတွေက ဒီလျှို့ဝှက်ဆန်းကြယ်မှု တွေကိုဖြေရှင်းဖို့အတွက် တွင်းကြီးရဲ့အနက်နဲဆုံး နေရာတွေကို မကြောက်မရွံ့ပဲဆင်းလာခဲ့ကြပါတယ်။ မြေပြင်ပေါ်ကိုပြန်တက်လာခဲ့တဲ့ အကောင်းဆုံးနဲ့ အရဲရင့်ဆုံး ရှာဖွေတဲ့သူတွေကိုတော့ အဖြူရောင်(ခရာ)အဖြစ်သတ်မှတ်ပေးပါတယ်။ ပျောက်ဆုံးနေတဲ့ အဖြူရောင်ခရာအဆင့်ဖြစ်တဲ့ Lyza ရဲ့သမီး Riko ကတော့ အမေအတိုင်း Abyss ရဲ့အောက်ကိုဆင်းပြီး စူးစမ်းရှာဖွေချင်ပါတယ်။ ဒါပေမဲ့ ထင်ထားသလိုမဖြစ်ခဲ့ပါဘူး။ အတွေ့အကြုံမရှိသေးတဲ့ အနီရောင်ခရာအဆင့်ဖြစ်နေတဲ့ သူမအဖို့ Abyss ရဲ့အပေါ်ပိုင်းနားကိုသာသွားလာနိုင်ပါတယ်။ အဲဒီနောက်မှာတော့ မထင်မှတ်ပဲ သာမန်ကောင်လေး တစ်ယောက်ပုံစံရှိတဲ့ စက်ရုပ်ကောင်လေး Robot-kun နဲ့တွေ့ဆုံခွင့်ရခဲ့ပါတယ်။ အတိတ်မေ့နေတဲ့ စက်ရုပ်ကောင်လေးကို Reg လို့နာမည်ပေးလိုက်ပါတယ်။ Reg ကိုဖန်တီးတဲ့နည်းပညာတွေက Abyss ကနေလာတယ်လို့ သေချာနေတာကြောင့် Reg ရဲ့မှတ်ဉာဏ်တွေကို ပြန်လည်တွေ့ရှိနိုင်ဖို့ သူတို့နှစ်ဦး Abyss ရဲ့အောက်ကိုဆင်းဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့လည်း Abyss ရဲ့တည်ရှိမှုအစစ်အမှန်ကို မသိသေးတဲ့ Riko နဲ့ Reg တို့ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရမလဲ၊ Reg ရဲ့အတိတ်ကရော ဘယ်လိုတွေဖြစ်နိုင်မှာလဲ၊ နှစ်ယောက်သား Abyss မှာရှင်သန်နိုင်ပါ့မလားဆိုတာကတော့ စိတ်ကူးယဉ်ဆန်ဆန်နဲ့ ရင်ခုန်စွာ ကြည့်ရှုရမှာပါ။
Made in Abyss S01 Episode 1 MM Sub, Made in Abyss S01 Episode 2 MM Sub, Made in Abyss S01 Episode 3 MM Sub, Made in Abyss S01 Episode 4 MM Sub, Made in Abyss S01 Episode 5 MM Sub, Made in Abyss S01 Episode 6 MM Sub, Made in Abyss S01 Episode 7 MM Sub, Made in Abyss S01 Episode 8 MM Sub, Made in Abyss S01 Episode 9 MM Sub, Made in Abyss S01 Episode 10 MM Sub, Made in Abyss S01 Episode 11 MM Sub, Made in Abyss S01 Episode 12 MM Sub, Made in Abyss S01 Episode 13 MM Sub, Made in Abyss S01 Episode 14 MM Sub, Made in Abyss S01 Episode 15 MM Sub, Made in Abyss S01 Episode 16 MM Sub, Made in Abyss S01 Episode 17 MM Sub, Made in Abyss S01 Episode 18 MM Sub, Made in Abyss S01 Episode 19 MM Sub, Made in Abyss S01 Episode 20 MM Sub, Made in Abyss S01 Episode 21 MM Sub, Made in Abyss S01 Episode 22 MM Sub, Made in Abyss S01 Episode 23 MM Sub, Made in Abyss S01 Episode 24 MM Sub, Made in Abyss S01 Episode 25 MM Sub, Made in Abyss S01 Episode 26 MM Sub